ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပညာ၀တီသီလရှင်စာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကကြီးနှင့် အဖွဲ့ဝင်များမှ ပြင်ဦးလွင်မြို့၊  ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့နှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်  ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ အင်သာကျေးရွာရှိ  ပညာ၀တီ သီလရှင်စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ  ဆုချီးမြှင့် 

၂၀၂၅ ခုနှစ် ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅နှစ်နှင့်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ဩဂုတ် ၁၇ ရက် ညနေ ၃နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပရာ ပျော်ဘွယ်မြို့နယ်အသင်းနှင့်ရမည်းသင်းမြို့နယ်တို့အသင်း ယှဥ်ပြိုင်ခဲ့ကြရာ ပျော်ဘွယ်မြို့နယ်မှ ၁ ဂိုး -  ဂိုးမရှိဖြင့် အနိုင် ရရှိသည်။

ကော့သောင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား   UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက  ပင်စင် လစာခံစားနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique Identity (UID)ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်

၂ဝ၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ သြဂုတ်လ ၁၅ ရက် ညနေ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်းအစည်းအဝေးနှင့်ပညာရည်ချွန် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအထက်တန်း ကျောင်း တွင် မိဘဆရာအသင်း သင်းလုံးကျွတ်အစည်းအဝေးနှင့်ပညာရည်ချွန် ထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်၉နာရီက မြကျွန်းသာခန်းမ၌ စည်ကားသိုက်မြိုက်စွာ  ကျင်းပသည်။

ကန်ကြီးထောင့်မြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့‌ငွေပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ်၁၇ရက် နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
Subscribe to