ပေါင်မြို့နယ်၌ အသည်းရောင်အသားဝါအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်

ပေါင်မြို့နယ်၌ အသည်းရောင်အသားဝါအကြောင်း အသိပညာပေး (Talk Show) ပြုလုပ် ပေါင် ဩဂုတ် ၁၇ ဖြိုးဝေဝေနှင်း

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုဖြင့် အခြေခံစာကြည့်တိုက် ပညာသင်တန်း (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ဩဂုတ်၁၅ ရက် နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

မော်လမြိုင်မြို့  ဘိုကုန်းရပ်ကွက်တွင်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဘိုကုန်းရပ်ကွက် အောင်တော်မူ မူလွန်ကျောင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကြို့ပင်ကောက်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ဆာဖိုးသာစပါးစိုက်ခင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျွန်းကုန်းကြီးကျေးရွာအုပ်စုတွင် ကျေးရွာစိုက်ပျိုးရေးအသင်းသားတောင်သူ ဦးအုန်းသော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများသို့ ဩဂုတ်လ ၁၅ ရက်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နေပြည်တော် စာပေဝိုင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာအောင်ကျော်ဦး ရေးသားသည့် “ဓမ္မိယလဒ္ဓ”ဆောင်းပါးနှင့် ဒေါက်တာမြတ်မိုး ရေးသားသည့် “အကြောင်းကောင်းခြင်းမှသည် အကျိုးကောင်းခြင်းအရည်အသွေးတစ်ခု” ဆောင်းပါးများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။ ဆွေးနွေးပွဲသို့ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက အမေတင်ရီမ(ညောင်ဦး)၊ စာရေးဆရာ ဒေါက်တာအောင်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများ၊  နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များ နှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

မြို့သစ်မြို့နယ်၌ ခရမ်းချဉ်သီးစျေးနှုန်း အနည်းငယ်ကျဆင်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်သူ့သက်သာဈေးဖွင့်လှစ်၍  နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အသား၊ ငါး၊ ဆီ၊ ဟင်းသီး/ဟင်ရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ ဆိုကရေးတီးပြိုင်ပွဲ၊ ဝသန်မိုးသီချင်းဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဆိုကရေးတီးပြိုင်ပွဲလူရွေးပွဲနှင့် ဝသန်မိုးသီချင်းဆိုပြိုင်ပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to