ရမည်းသင်း ဩဂုတ် ၁၈
၂၀၂၅ ခုနှစ် ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅နှစ်နှင့်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ဩဂုတ် ၁၇ ရက် ညနေ ၃နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပရာ ပျော်ဘွယ်မြို့နယ်အသင်းနှင့်ရမည်းသင်းမြို့နယ်တို့အသင်း ယှဥ်ပြိုင် ကစားခဲ့ကြရာ ပျော်ဘွယ်မြို့နယ်မှ ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ဒုတိယဆုရရှိသော ရမည်းသင်းမြို့နယ်အသင်းနှင့် နေရာအလိုက် အကောင်းဆုံးအားကစားဆုများအား ခရိုင်အဆင့် ဌာနဆိုင်ရာများက လည်းကောင်း၊ ပထမဆုရရှိသော ပျော်ဘွယ်မြို့နယ်အသင်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်က ဆုဖလား နှင့် ဆုချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲကို ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပကြောင်းသိရသည်။
ခရိုင်( ပြန်/ဆက်)