နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ကျောင်းသား/သူများဖြင့်  ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၁၅ ရက်နံနက် ၁၀ နာရီခွဲက အ.ထ.က(ခွဲ) ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

သံတောင်ကြီးမြို့ မြေပြိုဘေးသင့် ဒေသခံများအတွက် လိပ်သိုဒေသခံပြည်သူများ အလှူငွေပေးအပ်        

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ဩဂုတ်၅ရက်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုကျမှုနှင့် တောင်ကျချောင်းရေနှင့်အတူ နုန်းမြေများတိုက်စားမှုဖြစ်ပေါ်၍ လူနေအိမ်များနှင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများအတွက် လိပ်သိုမြို့မှ  မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့် ဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၊ဘာသာရေးအသင်းအဖွဲ့များနှင့် လိပ်သိုမြို့ဒေသခံများစုပေါင်း၍ ရှင်ဂျော့ဂျက်အသင်း​တော်ခန်းမ၌ ဩဂုတ် ၁၇ ရက် နံနက်  ၁၁  နာရီက အလှူငွေ ပေးအပ်လှူဒါန်းသည်။

မိုင်းပျဉ်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တပ်နယ်များမှ အရာရှိများ၊ စစ်သည်များ၊ ရဲမေများနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက မိုင်းပျဉ်းတပ်နယ် မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ နှစ် မိုးစပါး (၂၉၀၀) ဧကကျော်စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး (၂၉၀၀) ဧကကျော် စိုက်ပျိုးပြီးစီး၍ တောင်သူများအတွက် စိုက်ပျိုးရေပြည့်ဝစွာ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကြက်ခြေနီအကြောင်းအားသိရှိလာစေရန်၊ ကြက်ခြေနီစိတ်ဓာတ်များရရှိလာစေပြီး လူမှုဂရုဏာအသင်းများ၌ ပါဝင်ကူညီဆောင်ရွက်တတ်လာစေရန် ရည်ရွယ်လျက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ကြီးကြပ်မှုဖြင့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လင်းခေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ စာရေးဆရာမများ (Book Club)အဖွဲ့ဝင်များ စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာပေချစ်မြတ်နိုးသူစာရေးဆရာ၊ ဆရာမများ Book Club အဖွဲ့ဝင်များကစာဖတ်ရှိန်တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ လစဥ်ပုံမှန်စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည်(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။

တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမှတ်(၁)အခြေခံအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိသည်။

 အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်နှင့်သပိတ်ကျင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရုံးအဆင့်ဆင့်မှ အငယ်တန်းစာရေးနှင့်အခြားအဆင့်ဝန်ထမ်းများအတွက် လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲကို ဩဂုတ် ၁၈ရက် နံနက် ၉ နာရီက အောင်မြေသာစံ မြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မက်မန်းမြို့တွင် ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဝမ်ပါလောင်း-ဖာဆေ့လမ်း ကျေးရွာချင်းဆက် မြေသားလမ်းချဲ့ခြင်းလုပ်ငန်းအတွက် စစ်ဆေးတိုင်းတာခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့ကြသည်။
Subscribe to