ပေါင်မြို့မင်္ဂလာစျေးတွင် အမွှေးတိုင်မီးမှတစ်ဆင့် ဆိုင်ခန်း ၄ ခန်းမီးလောင်မှုဖြစ်

သထုံခရိုင်၊ ပေါင်မြို့ ကဒါရပ်ကွက်၊ မင်္ဂလာစျေးတွင် ယမန်နေ့ည ၉ နာရီဝန်းကျင်ခန့်က အမွှေးတိုင်မီးမှတစ်ဆင့် စျေးဆိုင်ခန်း ၄ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့နယ် မွှာလ်ကွေးကျေးရွာတွင် မြေပြိုကျမှုကို ဖယ်ရှားရှင်းလင်းပြီးဖြစ်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ မွှာလ်ကွေးကျေးရွာတွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၃)ရက်နေ့ ညမိုးရွာသွန်းမှုကြောင့် ယနေ့နံနက်(၄)နာရီ အချိန်ခန့်တွင် မြေပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း တွန်းဇံမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

ရွှေကူမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပထမဆုံးအကြိမ် ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ ဟူးကောင်းလွင်ပြင် စာပေဆုချီးမြှင့်မည်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဇော်ဝင်းမှ ကြီးမှူး၍ ပြည်နယ်အတွင်းမှ စာရေးဆရာများ၏ စီစဉ်မှုဖြင့် ပြည်နယ် အခြေစိုက်စာရေးဆရာများအတွက် ပထမဆုံးအကြိမ်အဖြစ် ဟူးကောင်းလွင်ပြင်စာပေဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မတူပီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်

ချင်းပြည်နယ် မတူပီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မတူပီမြို့ စန်ဘောင် လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲ မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားမှုအပေါ် မှားယွင်းမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည်စေရန် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အမည်စာရင်း ကပ်ထားကြေညာထားရှိမှုအပေါ် မှားယွင်းမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာစည်မြို့နယ်တွင် ပထမအကြိမ်မဲစာရင်းများကြေညာထားရှိမှု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာထားရှိမှုများကို ယနေ့နံနက် ၈ နာရီခွဲက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန Home Garden ခြံထွက်သီးနှံများ လိုက်ဝေပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန Home Garden ဥယျာဉ်ခြံ၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ခြံထွက်သီးနှံများကို ဩဂုတ်လ ၄ ရက်နေ့ ညနေပိုင်းက ဌာနဆိုင်ရာရုံးများသို့ လိုက်ဝေပေးခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်တွင်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းမြို့နယ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ နိုင်ငံတော် က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP)အရ ကျေးလက်ဒေသနေ လုပ်ကွက်ငယ်တောင်သူများနှင့် စိုက်ပျိုးမွေးမြူထုတ် လုပ်သူများ အတွက် လိုအပ်သောအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ကျေးရွာ (၉)ရွာအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပသည်။

အင်းစိန်မြို့နယ်၌ မဲဆန္ဒရှင် အမည်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာထားရှိမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ဇူလိုင်လ(၂၅)ရက်နေ့မှ စတင်၍ ဩဂုတ်လ(၇)ရက်နေ့အထိ (၁၄)ရက်ကြာ အင်းစိန်မြို့နယ် အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် အမည်စာရင်းများကို ထုတ်ပြန်ကြေညာထားလျက်ရှိရာ ဒေသခံပြည်သူ များ မဲစာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိသည်။
Subscribe to