ကျိုင်းတုံမြို့၌ (၇၂)လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ပန်းချီ၊ အရုပ်ဆက်နှင့် ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပ
ကျိုင်းတုံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ပန်းချီ၊ အရုပ်ဆက်နှင့် ကာယစွမ်းရည် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ပထမဦးစွာ စာဖတ်စွမ်းရည်၊ ပန်းချီ၊ အရုပ်ဆက်ပြိုင်ပွဲများနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပရာ ကျိုင်းတုံမြို့ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ကြသည်။