ကသာမြို့နယ်၊ နတ်ရေတွင်းကျေးရွာတွင် Cash For Work စီမံကိန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ်ဦးစီးမှူးဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် ကသာမြို့ နယ်၊ နတ်ရေတွင်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုကုစားရေးအစီအစဉ်ဖြင့် Cash For Work စီမံကိန်း ဆောင်ရွက်နေမှုအား ဩဂုတ် လ(၆)ရက်နေ့၊ ညနေပိုင်းက ကျေးရွာသို့ သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။