လယ်ဝေးမြို့နယ် စမ်းကြီးကျေးရွာနှင့် အင်တိုင်းသာကျေးရွာတို့၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ထုတ်ချေး

လယ်ဝေး    ဩဂုတ်   ၇

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေများကို ယနေ့ နံနက်(၁၀)နာရီက လယ်ဝေးမြို့နယ် စမ်းကြီးကျေးရွာတွင် ထုတ်ချေး ပေးခဲ့သည်။

အဆိုပါ ချေးငွေများအား COVID-19 ကာလအတွင်း ပြည်သူများစီးပွားရေး ပြန်လည်ကုစားနိုင်ရန်အတွက် မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ရီရီပြုံးနှင့် ဝန်ထမ်းများက သွားရောက်ကြီးကြပ် ဆောင်ရွက်ပြီး စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ရန် တောင်သူ(၂၆)ဦး၊ မွေးမြူရေးလုပ်ငန်း အတွက်(၂)ဦး၊ အရောင်းအဝယ်ပြု လုပ်ရန် (၁) ဦး၊ စုစုပေါင်း အိမ်ထောင်စု(၂၉)စုကို ငွေကျပ်သိန်း(၂၀၀) ထုတ်ချေး ပေးခဲ့ သည်။

ထို့အတူ ကျေးလက်နေပြည်သူများ အဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အတွက် လယ်ဝေးမြို့နယ် ပေါက်မြိုင်အုပ်စု အင်တိုင်းသာကျေးရွာတွင်လည်း ယမန်နေ့ မွန်းလွဲပိုင်းက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) စိုက်ပျိုးရေး(၈၂)ဦး၊ မွေးမြူရေး (၁၄)ဦး၊ စုစုပေါင်း (၉၆)အိမ်ထောင်စု အတွက် ငွေကျပ်သိန်း(၃၀၀)ကိုလည်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)