ပင်လောင်းမြို့နယ်၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးသူငယ် များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ရင်းမှီးရပ်ကွက်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။