အောင်လံမြို့တွင် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲကျင်းပ
အောင်လံ ဇန်နဝါရီ ၃
သရက်ခရိုင်၊ အောင်လံမြို့၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အ.ထ.က(၁) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။