သရက်မြို့၌ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ဆုချီးမြှင့်ပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများနှင့် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။