ကြာအင်းဆိပ်ကြီး ဖေဖေါ်ဝါရီ ၂၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့မှ ပူးပေါင်းကျင်းပသည့် စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ၁နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိမြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က စာဖတ်ဝိုင်းများပြုလုပ်ကျင်းပရခြင်း၏ရည်ရွယ်ချက် အားရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ် မြတ်နိုးသူများအသင်းမှ အသင်းဝင်ဒေါ်ဥမ္မာကြည်က ဆရာမောင်မင်းစိုး၏ လူငယ်နဲ့အထက်တန်းစား စိတ်ဓာတ်ခေါင်းစဉ်ဖြင့် စာအုပ်ကို ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး အသင်းဝင်များမှလည်းဆက်လက်ဖတ်ကြားကာ မိမိတို့၏ထင်မြင်ယူဆချက်များကို အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မျိုးမင်းဦးပြန်/ဆက်