ဆည်ပေါက်စံပြကျေးရွာတွင် ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ
ကျောက်ပန်းတာင်း ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်စံပြကျေးရွာတွင် ယမန်နေ့က ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို အဆိုပါကျေးရွာရှိ ဇေယျာသီရိ မင်္ဂလာ ဓမ္မာရုံတွင် ကျင်းပရာ အသက်(၁၀၇)နှစ် အဖွားတစ်ဦး အပါအဝင် သက်ကြီးဘိုးဘွား(၃၁)ဦးတို့အား ကန်တော့ခဲ့ကြကြောင်း သိရသည်။