ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
ပခုက္ကူ ဇန်နဝါရီ ၄
ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က အဆိုပါရုံး Community Centre ခန်းမ၌ ကျင်းပသည်။