မိုင်းဖြတ်မြို့၊ စိတ္တသုခကျောင်းတိုက်၌ ဆဋ္ဌမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
မိုင်းဖြတ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ကွက်သစ်ရပ်ကွက် စိတ္တသုခကျောင်းတိုက်အတွင်း၌ ဆဋ္ဌမအကြိမ်မြောက် ၁၀၈နာရီတိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ ပြာသိုလဆန်း ၁၀ရက်၊ ဇန်နဝါရီလ ၄ ရက် ညနေ ၅ နာရီက စိတ္တသုခကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။