သုံးခွမြို့မဈေးအတွင်း စားသုံးသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်မျိုးစုံဆိုင်များနှင့် ဆေးဆိုင်များအား သွားရောက်စစ်ဆေး
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ဆေးဆိုင်များသို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က သွားရောက်၍ ဈေးကွက်အတွင်းရှိ ဘုတ်ဆုံမ၊ ဒေါ်ထွေး၊ အမှတ်တံဆိပ်ပါ ငရုပ်သီးအကျက်မှုန့်များ၊ စားသုံးဆီများနှင့် စံမညီ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။