မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် မှန်လုံယာဉ်နှင့်ပရိုဘောက်ကားတိုက်မိရာမှ လူ ၁၈ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရခဲ့
မြဝတီ ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်-မြဝတီအာရှလမ်း၊ ကွမ်းခြံကွေ့နေရာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မှ မြဝတီသို့ မောင်းနှင်လာသည့် အလင်းရောင်မိုး မှန်လုံယာဉ်နှင့် မြဝတီမှထွက်ခွာသည့် ပရိုဘောက်ယာဉ်နှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၄ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုတွင် ပရိုဘောက်ယာဉ်ပေါ်ပါ ၇ ဦးလုံးသေဆုံးခဲ့ပြီး မှန်လုံယာဉ်နှင့် ပရိုဘောက်ယာဉ်မှ သေဆုံးသူ ကျား ၁၂ ၊ မ ၆ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။