ပေါင်းတည် မတ် ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မတ် ၂၃ ရက်နေ့ နံနက်ပိုင်းက ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံတွင် အခမဲ့ ဆက်လက်ကြည့်ရှု စောင့်ရှောက်ပေးကြသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ် ဦးဆောင်၍ လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးမှူးများ၊ သူနာပြုဆရာ ဆရာမများက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းဟောင်းများအား ကျန်းမာရေးအခြေအနေစမ်းသပ်ပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများထောက်ပံ့ပေးခြင်း၊ ဆေးထိုးနှံပေးခြင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)