မြိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစောင်များ စဉ်ဆက်မပြတ် ဖြန့်ဝေလျက်ရှိ

ကမ္ဘာနိုင်ငံအသီးသီး၌ ကူးစက်မှုများဖြစ်ပွားနေသော Covid-19 ဗိုင်းရပ်စ် ကြိုတင်ကာကွယ်သည့် ပညာ ပေးလက်ကမ်းစာစောင်များကို မြိတ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ပြည်သူများ နေ့စဉ်လှုပ်ရှားသွားလာ လျက်ရှိသော နေရာများတွင် ဖြန့်ဝေလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကမ်းနားလမ်းနှင့် တံတားများတွင် သွားလာလျက်ရှိသော ပြည်သူများနှင့် ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဟိုပုံးမြို့နယ်၌ ရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဟိုပုံးပြည်သူ့ဆေးရုံအစည်း အဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

ဓနုဖြူ၌ ဇီဝလုံခြုံရေးနည်းစနစ်များ ဂရုပြုလိုက်နာကျင့်သုံးစေရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီပိုင် မြို့မဈေး အတွင်း၌ ဇီဝလုံခြုံရေးနည်းစနစ်များ ဂရုပြုလိုက်နာကျင့်သုံးစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဈေးကော်မတီဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဆောင်ရွက် ခဲ့သည်။

ကော့ကရိတ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး အပူချိန်တိုင်းတာစစ်ဆေးခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ COVID-19 ရောဂါကာကွယ်တားဆီးရေးနှင့် ကြိုတင်ကာကွယ်ရေး အပူချိန်တိုင်းတာ ဆောင်ရွက်ခြင်းကို ကော့ကရိတ်မြို့ လိုင်ဝစစ်ဆေးရေး ဂိတ်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ကိုရိုနာဗိုင်းရပ် (စ်) ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာစျေးနှင့် ကိုးပင်ကျေးရွာ တို့သို့ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ် (စ်) ရောဂါကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီ အချိန်က တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးကိုကိုဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အောင်လံမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွေ့လျားဝန်ဆောင်မှု လုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်မှုကို လူစည်ကားရာဖြစ်သည့် အောင်လံမြို့မဈေးကြီးတွင် ယနေ့ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအချိန်ထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြေားင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် ကိုရိုနာဗိုင်းရပ်စ် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ၊ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်းကလေးအုပ်စုတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးရဲဝင်းနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က လူစည်ကား နေရာများတွင် အသိပညာပေးခြင်း လက်ကမ်း စာစောင်များ ဝေငှ၍ လိုက်လံပြီး အသိပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။

ရွှေသောင်ယံမြို့တွင် ဝါးထရံရက်လုပ်‌ရောင်းချသူများ ဝင်ငွေကောင်း၍အဆင်ပြေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့မှာ ဝါးဖြင့်ပြုလုပ်သော အိမ်အသုံးအဆောင် ပစ္စည်းများ ရက်လုပ်ရောင်းချခြင်းဖြင့် ဝင်ငွေကောင်းကာ ဝါးထရံရက်လုပ်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ ပြည်သူပူးပေါင်း ပါဝင်လာစေရေး ညှိနှိုင်းဆွေးနွေး

COVID-2019 ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် ပြည်သူများအား အသိပေး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေးတို့အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေး ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ ၌ ကျင်းပပြုလုပ်သည်။
Subscribe to