ကြို့ပင်ကောက်မြို့တွင် ကာကွယ်ဆေးလွှမ်းခြုံမှု စစ်တမ်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပန်းတင်ရပ်ကွက်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု စစ်တမ်းကောက်ယူခြင်း လုပ်ငန်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ ပန်းတင်ရပ်ကွက် အတွင်းရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်သည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်/စာစောင် လာရောက်ငှားရမ်းသူများအား ယနေ့နံနက် ၉ နာရီအချိန်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်ပါ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များကို မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ရှင်းလင်း ပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်သည့် နည်းလမ်းအနေဖြင့် စနစ်တကျ လက်ဆေးခြင်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင် ကာကွယ်ရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိဇေယျ နော်ရထာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ ရန်ကုန်တွင် တပ်ဆင်ထားရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမ ဘေးတစ်လျှောက်တွင် (COVID-19) ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်ဆေးရေစင်များ တပ်ဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ပညာပေးစာစောင်များ ပြသဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများလတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ဘုတ်တွင် သင်နှင့်သင့်မိသားစု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်မှ ကာကွယ်ပါ ခေါင်းစဉ်ဖြင့် အသိပညာပေး ပိုစတာနှင့်စာစောင်များကို ယနေ့နံနက်ပိုင်းတွင် ပြသဆောင်ရွက် ထားရှိကြောင်း သိရသည်။

ခင်ဦးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း ကျန်းမာရေးပညာပေးဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း ကျန်းမာရေးပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်များ ပြည်သူများသို့ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီ၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကိုရိုနာ ဗိုင်းရပ်စ် Covid-2019 ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီတွင် လမ်းဆုံလူစည်ကားရာ နေရာများ၊ အောင်စည်းစိမ်လက်ဖက်ရည်ဆိုင်နှင့် ဌာနဆိုင်ရာများသို့ ဖြန့်ဝေပေးကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် စပျစ်သီးနှံစမ်းသပ်စိုက်ပျိုးသည့် တောင်သူများအောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်အုပ်စုရှိကျေး ရွာများတွင် စပျစ်သီးနှံစမ်းသပ်စိုက်ပျိုးကြရာ အသီးသီးနှုန်း ကောင်းမွန်နေခြင်းကြောင့် ဆွတ်ခူး ရောင်းချချိန် ဈေးနှုန်း၊ ဈေးကွက် ကောင်းမွန်ဖို့သာ မျှော်လင့်နေကြောင်း သစ်ထောင့်တောင် ကျေးရွာစပျစ်သီးနှံ တစ်ဧကခွဲစိုက်ပျိုးသည့် ဦးလှငွေကပြောကြားသည်။

တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာန ၀န်ထမ်းများ မြေပုံလေ့ကျင့်ခန်း (map fighting) လေ့ကျင့် ဆောင်ရွက်

ပူးပြင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး မြေပုံ လေ့ကျင့်ခန်း (map fighting) လေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်က တောင်တွင်းကြီး မြို့နယ် မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ဗွီနိုင်းပိုစတာစိုက်ထူ

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ကူးစက်ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်တွင် မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာတင့်တင့်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့် အဖွဲ့အစွဲ့အစည်းများမှ တာဝန်ရှိသူများက ရပ်ကွက်များအတွင်း အသိပညာပေး ဗွီနိုင်းပိုစတာများ လိုက်လံချိတ်ဆွဲပေးခဲ့ ကြောင်း သိရသည်။
Subscribe to