အောင်လံမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်

အောင်လံ  မတ်  ၁၉

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်မှုကို လူစည်ကားရာဖြစ်သည့် အောင်လံမြို့မဈေးကြီးတွင် ယနေ့ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအချိန်ထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြေားင်း သိရသည်။

ထိုသို့ဖွင့်လှစ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း (၄) ခု၊ မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း (၂) ခု၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း (၃) ခု၊ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း (၂) ခု၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း (၂) ခု၊ မြို့နယ်အခွန်ဦးစီးဌာနအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း (၄) ခု၊ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း (၆) ခု၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း (၃) ခု၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း (၂) ခု၊ စသည့်ဌာန (၉) ခုမှ လုပ်ငန်းများကို ပြည်သူတို့၏ လိုအပ်ချက်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လူစည်ကားရာဖြစ်သည့် အောင်လံမြို့မဈေးကြီးတွင် ၁၁-၃-၂၀၂၀ ရက်နေ့မှ ယနေ့အထိ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသိန်း (ပြန်/ဆက်)