ဥတ္တရသီရိမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွေနံ့သာရပ်ကွက် အမှတ် (၁) ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီက ရပ်ကွက်နေပြည်သူများအား မြို့နယ်ကုတင် (၅၀) ဆံ့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာဗိုင်ရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ဆောမြို့ပေါ်ရှိ မြို့ပြဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု လုပ်ငန်းများအား တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီခွဲက မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်

ဒေသခံမိဘပြည်သူများနှင့် ခရီးသွားလာပြည်သူများထံသို့ (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

လမ်းမတော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်အတွင်းရှိ ဈေးများ၊ ကားမှတ်တိုင်များ စသည့် လူစည်ကားရာနေရာများတွင် ပြည်သူများထံသို့ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် (၁၁) နာရီ ခွဲအချိန်က လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထီးချိုင့်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ခင်းကျင်း နေမှုအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် ငွေလုံးငွေရင်းလုပ်ငန်းများအနက် အမှတ်(၁)စံပြရပ်ကွက်၊ ပုန်းညက်လမ်းအား ကွန်ကရစ်လမ်းခင်းကျင်းနေခြင်းအား ယနေ့ နံနက် (၁၀ ) နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျိုင်းတုံမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူ့စာကြည့်တိုက်၌ လက်ဆေးနိုင်ရန် ဆောင်ရွက်ထားရှိ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့မှစတင်၍ စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်လာမည့် စာပေဝါသနာရှင်များနှင့် ကလေးငယ်များအား လက်ဆေးခြင်းများဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိ‌ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ဆွေးနွေး

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID 19)ကြိုတင်ကာကွယ်ရေး အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။

ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျ လက်ဆေးနည်းများ ပြသ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် စနစ်တကျလက်ဆေးနည်းများ ပြသဆောင်ရွက်ခဲ့သည်။

မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် Abate ဆေးခတ်ခြင်းဖြင့် ကြိုတင်ကာကွယ်

မိုးတွင်းကာလတွင် အဖြစ်များလေ့ရှိသည့်ခြင်အန္တရာယ် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ် သည့်အနေဖြင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရွာသစ်မြို့ ရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေသို‌လှောင်နေရာများတွင် Abate ဆေးများ ခတ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းတို့ကို စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Subscribe to