ရေကြည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ပေးလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စု ကုန်းစုကျေးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ကျေးရွာနေ ပြည်သူများ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ လေးလက်မ သောက်သုံးရေ စက်ရေတွင်း တူးဖော်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်တူးဖော်လျက်ရှိကြောင်း သိရသည်။