ဒီးမော့ဆိုမြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။

စစ်ကိုင်း၊ မုံရွာနှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပခရီးသွား (၁၅၀၂၃၁)ဦး ဝင်ရောက်လည်ပတ်ခဲ့

မုံရွာ ဇန်နဝါရီ ၇

စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်နှင့် ဝက်လက်မြို့နယ်အတွင်းရှိ အထင်ကရ နေရာများသို့ (၂၀၁၉) ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် (၁၅၀၂၃၁) ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဇန်နဝါရီ  ၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ထိရောက်စွာ တုန့်ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးအုပ်စု၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၇

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများအား မီးဘေး၊ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ကျွဲတဲ ကျေးရွာအုပ်စု၊ ဓမ္မာရုံခန်းမ၌ ကျင်းပသည်။

တာမွေမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ ၇

တာမွေမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီမံကိန်းလုပ်ငန်းများအရှိန်အဟုန်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးသီးနှံလယ်ယာမြေများ ရေနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးစေရန် ရေဆိုးထုတ်မြောင်းများတူးဖော်ဆောင်ရွက်လျက်ရှိ

ပွင့်ဖြူ  ဇန်နဝါရီ  ၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံလယ်ယာမြေများ ရေနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်ကာ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ရေဆိုးထုတ်တူးမြောင်းများ တူးဖော်ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်အတွက် ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက အဆိုပါရုံးသင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာလိမြို့နယ် အ.လ.က (ခွဲ) ကျိုင်းလွန်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကာလိ ဇန်နဝါရီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ကျိုင်းလွန်း(အ.လ.က-ခွဲ)၌ ယနေ့ နံနက်ပိုင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကွန်ဟိန်းမြို့နယ် ပညာရေးမှူး  ဆရာမကြီး ဒေါ်နန်းဖြူဆိုင်နှင့် ဆရာ၊ ဆရာမများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဗိုလ်တထောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်လေ့ကျင့်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၁) ဖွင့်လှစ်

ဗိုလ်တထောင် ဇန်နဝါရီ ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံ သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်တွင် တာမွေမြို့နယ် မီးသတ်စခန်း၌ ကျင်းပရာ ဗိုလ်တထောင်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

သင်တန်းတွင် သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ပြီး မီးသတ်ဝတ်စုံများပေးအပ်ခဲ့ကာ ရက်သတ္တပတ် (၄) ပတ်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)

အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

ဒေးဒရဲ ဇန်နဝါရီ ၇

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစ၍ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Subscribe to