သနပ်ပင်မြို့နယ်၌ ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲ ကျင်းပ
သနပ်ပင်၊ ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စာလှယ်များ၊ မြို့နယ်အထွေအထွေအုပ်ချုပ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့နံနက် ၁၀ နာရီက သနပ်ပင်မြို့နယ် ရစ်ကံလေးကျေးရွာ ကယ်ဆယ်ရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။