ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း လုပ်ငန်းများ လူအုပ်စုတိုင်းသို့ ရောက်ရှိစေ‌ရေး အသိပေး ဆွေးနွေးပွဲပြုလုပ်

ဘီးလင်း  ဇန်နဝါရီ  ၈

ဘီးလင်းမြို့နယ်၌ ကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်း လုပ်ငန်းများ အုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရေး အသိပညာပေး ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကြံခင်းမြို့တွင် ဆရာ ၊ မိဘ ကျောင်းသား/သူများ ပညာရေးစုံညီပွဲတော် ကျင်းပ

ကြံခင်း  ဇန်နဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ဆရာ မိဘ ကျောင်းသား/ကျောင်းသူများ ပညာရေးစုံညီ ပွဲတော်ကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း ( အ.ထ.က-၁) ကတွင် ကျင်းပခဲ့သည်။

ဒေးဒရဲမြို့၌ ကိုယ်ဝန်ဆောင်မိခင်ထောက်ပံ့ခြင်းနှင့် လွတ်လပ်ရေးမောင်မယ် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဒေးဒရဲ  ဇန်နဝါရီ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် ထောက်ပံ့ခြင်းနှင့် လွတ်လပ်ရေးမောင်မယ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးခန်းမ၌ ယမန်နေ့ ညနေ ၂ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

ပြည်သူများအချိန်နှင့် တစ်ပြေးညီသတင်းမှန်သိရှိစေရန် သတင်းဗီဒီယိုရိုက်ကူးနည်းသင်တန်း ဖွင့်လှစ်သင်ကြား

ရန်ကုန်  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း (အောက်ဘလောက်)ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်သင်တန်းကျောင်းတွင် ဗီဒီယိုသတင်း ရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်းအမှတ်စဉ်(၂)ကို ဇန်နဝါရီ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး

မိုင်းပျဉ်း  ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်၉ နာရီခွဲက အဆိုပါရုံးတွင် ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ်၊ အ.ထ.က(၂) ကျောင်းသားကျောင်းသူဟောင်းများ၏ (၂၂)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပမည်

ရန်ကုန်     ဇန်နဝါရီ      ၈

တောင်ဥက္ကလာပမြို့နယ်၊ အ.ထ.က (၂) ကျောင်းသား/ကျောင်းသူဟောင်းများ၏ (၂၂) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) နံနက်(၉)နာရီ၌ ကျင်းပမည်ဖြစ်ပါသဖြင့် ကျောင်းသားဟောင်းများအဖွဲ့မှ အလှူငွေ ကောက်ခံလျက် ရှိသကဲ့သို့ ကျောင်းသားဟောင်းများအားလုံးလည်း ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ နှိုးဆော်ထားသည်။ ထို့ပြင် အ.ထ.က (၂) ကျောင်းဆေးခန်း၌ အလှူခံဌာနကို အပတ်စဉ် စနေ‌နေ့နှင့် တနင်္ဂနွေနေ့၊ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

နေထက်အောင်

ရန်ကုန်မြို့တော်စည်ပင်သို့ အမှိုက်သိမ်းယာဉ် လှူဒါန်း

ရန်ကုန်  ဇန်နဝါရီ  ၈

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်ရှိ Best battery trading ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးမှ  အမှိုက်သိမ်းယာဉ်၊ ယာဉ် နှင့်သက်ဆိုင်သော အထောက်အထား စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်က အင်းစိန်မြို့နယ်ခန်းမရှေ့၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးသူရအောင်နှင့် လက်ထောက်ဌာနမှူး ဦးသန်းဌေးတို့က တက်ရောက်လက်ခံယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

မိုင်းပျဉ်းမြို့လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မိုင်းပျဉ်း  ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာ(Community Centre) ခန်းမ၌ ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်မေမွန်ထွဋ်က ကလေးငယ်များ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ကျုံပျော်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကလေးစာပေပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

ကျုံပျော်   ဇန်နဝါရီ   ၈

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော  ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ပုသိမ်ခရိုင် ကျုံပျော်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ  ကျင်းပသွားမည် ဖြစ်သည်။

ကလေးစာပေပွဲတော် (ပြင်ဦးလွင်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

ပြင်ဦးလွင်  ဇန်နဝါရီ  ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော  ကလေးစာပေပွဲတော်  (ပြင်ဦးလွင်)  စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်မှု များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း၊ ပြိုင်ပွဲ၊ ပြခန်းများ ပြသနိုင်ရေး စတင်ပြင်ဆင်ခြင်းနှင့် ဖျော်ဖြေပွဲများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

Subscribe to