ကလေးစာပေပွဲတော်(ဝေါ) ပိတ်ပွဲအခမ်းအနားနှင့် အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းပေးအပ်

ဝေါ ‌ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ကလေးသူငယ်အသိပညာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (ဝေါ)၊ စာအုပ်စာ‌ပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ( ၁ )နာရီက ဝေါမြို့ ၊ မြို့နယ်ခန်းမ‌​၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွေး ကအဖွင့်အမှာစကား ပြောကြားသည်။

ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ရော်ဘာပင်များတွင် ရွက်ကြွေရောဂါဖြစ်စေသည့် PestalotiopsisSpp မှိုရောဂါဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်

ကော့ကရိတ် ဇန်နဝါရီ ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ယနေ့ နံနက်၉နာရီအချိန်က ရော်ဘာပင်များတွင် ရွက်ကြွေရောဂါဖြစ်စေသည့် PestalotiopsisSpp မှိုရောဂါဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူလေထီးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ပဲခူးမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ကိုင်ရန် နေအိမ်မှ ထွက်ပြေးလာသော အရွယ်မရောက်သေးသည့် အမျိုးသမီးငယ် သုံးဦးအား မိဘများထံ ပြန်လည်အပ်နှံ

မန္တလေး ဇန်နဝါရီ ၆

ပဲခူးမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ကိုင်ရန် မိဘများမသိအောင် ထွက်ပြေးလာသည့် အရွယ်မရောက်သေးသည့် (၉)တန်းကျောင်းသူ သုံးဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့မှ ထိန်းသိမ်းထားရှိပြီး ယနေ့ နံနက် ၉နာရီက မိဘအုပ်ထိန်းသူ များထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌၂၀၁၉-၂၀၂၀ပညာသင်နှစ်အခြေခံပညာအထက်တန်းကျောင်းပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်မယ်ဆွမ်မြောက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်၂၀၁၉-၂၀၂၀ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရေချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီချိန်တွင် ကျင်းပခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ် ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအား ကျောင်းဝတ်စုံပေးအပ်ခြင်းနှင့် ECG နှလုံးစမ်းသပ် စက်လှူဒါန်းပွဲ ကျင်းပ

ရေဦး ဇန်နဝါရီ  ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် အင်တောကျေးရွာအုပ်စု ပန်းကုန်းကျေးရွာတွင် ဇန်နဝါရီ ၆ ရက်နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရေပြာကျေးရွာ အောင်ဇမ္ဗူ‌တောရဓမ္မရိပ်သာ ဆရာတော်  အမှူပြုလှူဒါန်းဆောက်လုပ်ခဲ့သော  အ‌ခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအထိမ်းအမှတ်  အခြေခံပညာ ကျောင်းပေါင်းခုနှစ်ကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများအား ကျောင်း၀တ်စုံ‌နှင့် ECG နှလုံးစမ်းသပ်စက်ပေး အပ်လှူဒါန်းပွဲ ကျင်းပ ခဲ့သည်။

မြောက်ဥက္ကလာပ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီ က(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပေးရန် လုပ်ငန်းကြီးကြပ်ကော်မတီ ဖွဲ့စည်းဆောင်ရွက်

ပွင့်ဖြူ   ဇန်နဝါရီ  ၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်စေရေးအတွက် တိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ် ပြန့်ပြန့် မွေးမြူလုပ်ကိုင်နိုင်ရေးအတွက် ရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပေးနိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကုန်ကြမ်းရှားလာခြင်းနှင့်အခြားလုပ်ငန်းများပေါများလာသဖြင့် ဂျုံရိုးဖြင့်ရက်လုပ်သည့်ဦးထုပ် လုပ်ငန်းလုပ်ကိုင်သူနည်းပါးလာ

ချောင်းဦး ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်လုပ်ကိုင်လျက်ရှိသော ဂျုံရိုးဦးထုပ်လုပ်ငန်းသည် ယခုအခါတွင် ကုန်ကြမ်းရရှိမှု အခက်အခဲများကြောင့် လုပ်ကိုင်သူများနည်းပါးလာကြောင်း ချောင်းဦးမြို့နယ်ငါးလုံးတင် ကျေးရွာမှဂျုံရိုးဦးထုပ် လုပ်ငန်းကိုင်သူများ ထံမှသိရသည်။

ဝေါမြို့နယ်စာရေးဆရာအသင်းနှင့်စာပေချစ်မြတ်နိုးသူများ ဦးစီးကျင်းပသော (၁၅)ကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပ

ဝေါ ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စာရေးဆရာအသင်းနှင့်စာပေချစ်မြတ်နိုးသူများ ဦးစီးကျင်းပသော (၁၅)ကြိမ်မြောက် စာပေဟောပြောကို ယမန်နေ့ ည ၇ နာရီက ဝေါမြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

စာပေဟောပြောပွဲတွင် လယ်တွင်းသားစောချစ်က (စာဖတ်ခြင်းဖြင့်မြင့်တင်ပါ)ခေါင်းစဉ်ဖြင့် ဟောပြောသည်။

ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်သို့ ရှေးဟောင်းဓာတ်ပုံများနှင့် အဝတ်အထည်များလှူဒါန်း

ညောင်ရွှေ   ဇန်နဝါရီ  

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညောင်ရွှေ ယဉ်ကျေးမှုပြတိုက်သို့ ညောင်ရွှေမြို့ သာစည် ရပ်ကွက်နေ (ဒေါ်လှခင်)၊ ဒေါ်လှဌေး၊ ဒေါ်သန်းဌေး ညီအစ်မများက ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင် လက်ထက် ဓာတ်ပုံများနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီက အလှူရှင်၏နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

Subscribe to