ကျိုင်းတုံမြို့နယ်တွင် ရေးဘေးသင့်ပြည်သူများအား ​ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်ကျေးရွာအုပ်စု၊ မိုင်းအင်းကျေးရွာတွင် ဇူလိုင် ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များမှ ရေဘေးသင့် ပြည်သူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင် ၂၆ ရက်က ထောက်ပံ့ငွေများပေးခဲ့ကြောင်းသိရသည်။

လောင်းလုံးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် စာရင်းကောက်ယူရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်၊ အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်သည့်အတွက် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွှဲ (၂)နာရီက လောင်းလုံး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

သံတွဲမြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့ရာမှ ရေများပြန်လည်ကျဆင်းလျက်ရှိ

သံတွဲမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့ သဖြင့် သံတွဲမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့ရေနစ်မြုပ်လျက်ရှိရာမှ ယနေ့နံနက် (၅) နာရီအချိန်ခန့်တွင် ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်ကြောင်းသိရသည်။

ထားဝယ်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် စာရင်းကောက်ယူရေး ထပ်ဆင့် ညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင် ၊ ထားဝယ်မြို့ အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေး သွားမည် ဖြစ်သည့် အတွက် စာရင်းကောက်ယူရေး ထပ်ဆင့်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ (၃)နာရီက ထားဝယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာလေမြို့၌ Positive လူနာနေအိမ်အနီး ပတ်ဝန်းကျင်နှင့် လူနာထားရှိ Quarantine Centre များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖျန်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိ လူနာ‌နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိနေအိမ်များ ၊ Positive တွေ့ရှိလူနာများ ထားရှိသော  Quarantine Centre များ၌ အများပြည်သူတို့ စိုးရိမ်ထိန့်လန့်ခြင်းများ မဖြစ်စေရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုများမဖြစ်ပေါ်စေရေး ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်သည့်အနေဖြင့် ယမန်နေ့က ‌တာလေမြို့ လောကပါလ ပရဟိတလူမှုကူညီရေး အသင်းက ကာကွယ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ရောက်ရှိနေ၍ အိမ်ထောင်စု(၁၂)စုမှ မိသားစုဝင်များ အားယာယီစခန်းများသို့ပြောင်းရွှေ့

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁ ဇူလိုင်လတတိယပတ်ထဲမှာ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေဟာ ဇူလိုင်လ၂၇ရက်နေ့ ညနေ၆ နာရီ အချိန်တိုင်းတာချက်အရစိုးရိမ်ရေအမှတ်ထက်(၇လက်မ)ကျော်လွန်၍ (၁၇ပေနဲ့၇လက်မ)အထိရောက် ရှိနေပြီဖြစ်ပါတယ်။

ငဖဲမြို့နယ်၌ ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံ၍ ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့်ထိစပ်နေထိုင်ခဲ့သည့်အ ဆောက်အအုံ၊ အိမ်၊ဌာနဆိုင်ရာအဆောက်အအုံများကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၊ ဌာနဆိုင်ရာ အဆောက်အအုံများအား ကိုဗစ်-၁၉ ရောဂါထိစပ်လူနာများ နေထိုင်ခဲ့သည့်အခန်းများ၊ အိမ်ဂေဟာများနှင့် ဌာန/ရုံးအဆောက်အအုံများကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှင့်အခြားသူများမကူးစက်စေရေး ညောင်ဦးမြို့နယ်တွင် ခရိုင်မီးသတ်တပ်ဖွဲ့ဝင် များနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊အမှတ်(၄) အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်မင်းသူထံက  သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၀) ဦးထပ်မံတွေ့ရှိ၊ ၁၉ ဦး ပြန်လည်ကျန်းမာလာ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၂၇ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၁၀) ဦး ထပ်မံတွေ့ရှိပြီး (၁၉)ဦး ပြန်လည်ကျန်းမာလာကြောင်း သိရသည်။
Subscribe to