အောင်ပန်းမြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်မည်နေရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်နှင့် အဖွဲ့ဝင်များ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ အောင်ပန်းမြို့နယ်အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ ညနေပိုင်းက အောင်ပန်းမြို့ ဟိုက်ဒရိုကွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမပြန့်ပွားရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ကုန်ချ မော်တော်ယာဉ်ကားကွင်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။