၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် ကျောင်းဆောင်သစ်များအား ပန္နက်စိုက်ထူ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သဲကျောကြီးကျေးရွာ၊ ရင်းတိုက်ကွင်းကျေးရွာ၊ ညောင်းဝင်းကျေးရွာ နှင့် လက်ပံပင်လေး ကျေးရွာများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်မည့် ကျောင်းဆောင်သစ်များ အတွက် ပန္နက်စိုက်ထူ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပပြု လုပ်ခဲ့သည်။