ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း စုရပ် (၅) နေရာတွင် ယမန်နေ့နံနက် ၉ နာရီခွဲက စတင်ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ဒေါ်မြမေ အသက်(၆၇)နှစ် တောင်ရွာ ရပ်ကွက်နေသူက “ကိုဗစ်ဆေးကို အခမဲ့ထိုးနှံပေးတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါကြောင်း၊ ကာကွယ်ဆေးထိုးထားတာက ကာကွယ်ဆေးမထိုးရတာထက် ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမယ်လို့ ယုံကြည်တဲ့အတွက် ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြစ်ပြီး၊ မထိုးရ သေးသည့် ပြည်သူများကိုလည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြစေလိုကြောင်း” ၊ အဖိုး ဦးပညာ (၇၂)နှစ် တောင်ရွာရပ်ကွက်နေသူက “ပထမ နှစ်ကြိမ်ထိုးပေးတုန်းက ဟိုပြောဒီပြောအသံတွေနဲ့ မထိုးခဲ့ရဘူး၊မယုံကြည်တာပေါ့လေ ၊အခုကျတော့ ဆေးထိုးခြင်းကသာ ထွက်ပေါက်တစ်ခုပဲ ၊ဆေးထိုးပြီးမှသာ စိတ်ချရမယ်ဆိုတာသိလို့ အခုလာထိုးတာပါ၊ ဆေးထိုးရာတွင် ဘာမှစိုးရိမ်စရာမရှိဘဲ အားလုံးအဆင်ပြေပါတယ် ၊မထိုးရသေးတဲ့သူတွေလည်း လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းလိုပါတယ် ” ဟု ပြောကြားခဲ့ပါသည်။