ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၌ ရပ်ရွာအ​ခြေပြု အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်

ဘီးလင်း ဖေဖော်ဝါရီ ၄

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ မော်လမြိုင်အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင် ကျောင်းမှ ဖွင့်လှစ်သော ရပ်ရွာအခြပြု အ​ခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အလူးလေးကျေးရွာ သုခကာရီဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် မော်လမြိုင် အိမ်တွင်းသက်မွေးလုပ်ငန်းပညာ သင်ကျောင်းမှ ကျောင်းအုပ်ကြီး ဆရာမ ဒေါ်မြင့်မြင့်ဝင်းက အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသူများအတွက် သင်ထောက်ကူ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံစက်ချုပ် သင်တန်းသို့ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ်  မော်လမြိုင် အိမ်တွင်း သက်မွေးလုပ်ငန်းပညာ သင်ကျောင်းမှ ဒေါ်စိမ်းစိမ်းအေး က လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ကာ သင်တန်းကာလမှာ တစ်လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ထူးနောင်