အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိရေး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းပို့ချ

ချမ်းမြသာစည် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Woman Club အဖွဲ့တို့ပူးပေါင်း၍ အိမ်တွင်းမှု အတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိရေး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လက်တွေ့ သင်တန်းပေး ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း က အမျိုးသမီးများအ‌နေဖြင့် အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိစေရန် အိမ်တွင်းမှု သင်တန်းပေးရခြင်း ဖြစ်ကြောင်း၊  အိမ်တွင်းမှု အတတ်ပညာတစ်ခုခုကို တတ်မြောက်ထားခြင်းဖြင့် မိသားစုကိုထောက်ပံ့ပေးနိုင်ကြောင်း  ရှင်းလင်း ပြောကြားပြီးနောက် သင်တန်းနည်းပြ ဆရာမများဖြစ်သည့် ဒေါ်သရဖီနှင့် ဒေါ်ချောစုတို့က  တက်ရောက်လာကြသော သင်တန်းသူများအား ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်သည့်ပစ္စည်းများအား ရှင်းလင်းပြသ၍ လက်တွေ့ပြုလုပ်ပြသသည်။

အဆိုပါသင်တန်းကို သင်တန်းသူ ၁၀ ဦး တက်ရောက် သင်ကြားကာ အခမဲ့သင်ကြား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခင်စိမ်း၀င်း