မအူပင်မြို့ အမှတ်(၁)ရပ်ကွက် ဇောတိကစက်ဝန်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဇောတိကစက်ဝန်းရှိ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ငှားရမ်းသုံးစွဲသည့် MAPCO ကုမ္ပဏီ၏ (၁၄၄× ၅၁)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ဂုဏ်လျှော်သိုလှောင်ရုံ(၂)လုံး ယမန်နေ့နံနက် (၁၁)နာရီ(၃၀)မိနစ်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။