ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူနေမှုအား ကြည့်ရှုအားပေး

မြန်မာ့စီးပွားရေးဘဏ်(ဘားအံဘဏ်ခွဲ)အနေဖြင့်ဘဏ်လုပ်ငန်းဆောင်တာများကို စနစ်တကျဆောင်ရွက်လျက်ရှိပြီး လစဉ် ၂၁ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့လုပ်ငန်းလမ်းညွှန် သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေပြည်ရတနာခန်းမ၌ ဖွင့်လှစ်သည်။

နတ်မောက်မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ အသိပေးထုတ်ပြန်ကြေညာခြင်းကို နိုဝင်ဘာ(၂၁)ရက်နေ့မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများမှ စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုကြသည်။

မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေး Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီးစိုက်ပျိုးကြရာ တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းမြေပဲ (၁၀၂၉)ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းမြေပဲ (၁၀၂၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ (ဈ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်၊ မီးလောင်ကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ ဆောင်းသီးနှံ မတ်ပဲစိုက်ပျိုးမည့် အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ရွှေပြည်အေးကျေးရွာ၊ မီးလောင်ကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင်စီမံကိန်း)ဖြင့် မျိုးနှင့်သွင်းအားစုများ ပေးအပ်ပွဲကျင်းပသည်။

ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ၌ ရွှေတောင်မြို့မြို့နယ်၊ သရက်တောအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးလယ်ဝေးမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းကပ်ထားမှုနှင့် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက် ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအားကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရာ ပြည်သူများလာရောက် ကြည့်ရှုနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးသည်။
Subscribe to