မိုင်းရှူး နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် တာဝန်ရှိသူများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်(၁၀)နာရီက စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝင်းဇင်ဖြိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်တို့က မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွား၊ မပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ်များကင်းရှင်းစေရေးအတွက် လျှပ်စစ်မီးများအသုံးပြုရာတွင် မီးဘေးလုံခြုံရေးအလေးထားလိုက်နာဆောင်ရွက်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့်မီးသတ်ဆေးဘူးများစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)