မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥာဏမဟာထေရ်၏ ဝိဇာတမွေးနေ့မင်္ဂလာပူဇော်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ ကျောင်းကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥာဏမဟာထေရ်၏ သက်​တော် (၇၁)နှစ် ဝါတော် (၅၁)နှစ်​ပြည့် ဝိဇာတမွေးနေ့မင်္ဂလာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ​ကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်‌တော့ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

မှော်ဘီမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ နိုဝင်ဘာလ ၂၂ ရက်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်ဆွေဦးစီးဦးဆောင်၍ မှော်ဘီမြို့နယ်၊ ရပ်ကွက်ကျေးရွာများအတွင်း နေထိုင်ကြသော အများပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူအသိပညာပေးသင်တန်း ပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူအသိပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့တွင် ကျောင်းသူလေးများအား အခြေခံသိုးမွှေးထိုးနည်းသင်တန်းဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံသိုးမွှေးထိုးနည်းသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ လူနေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေ ၁၀ ဦး၊ အရန် ၂၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ယာတော်ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်မှုဇုန်(၁) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ သိုလှောင်ရုံများအား ယနေ့နံနက်ပိုင်းက စတင်၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလုံခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်များ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ အ.ထ.က(၄)ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မင်းဘူးမြို့နယ်အတွင်းရှိ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိသည့် မဲစာရင်းများအား တိုင်းကော်မရှင်ဥက္ကဋ္ဌ လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ထပ်မံကပ်ထားကြေညာထားသည့် မဲစာရင်းများအား ယမန်နေ့ နံနက်ပိုင်းက တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကော့မှူးတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် နေကြာမျိုးစေ့၊ ပိုက်‌ဆံလျှော်မျိုးစေ့နှင့် Drum Seeder ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၇၇)၊ ဦးပိုင်အမှတ်(၁/၁)ဧရိယာ(၅)ဧကတွင်း တောင်သူဦးစန်း‌လွင်မှ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် စိုက်ပျိုးခဲ့သော ထွန်းပုမျိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် နွေးစပါးအပါဝင် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်နှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဖျောက်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက (၁၁၀၇၆) ယခုလကုန်တွင် ရာနှုန်းပြည့်ရိတ်သိမ်းသွားမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက စုစုပေါင်း (၁၁၀၇၆) ဧက စိုက်ပျိုးထားရှိပြီး နိုဝင်ဘာလကုန်တွင် ရာနှုန်းပြည့်ရိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ် ကုလားဝဲကျေးရွာ၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး pfizer JN1 ထိုးနှံ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၌ ထိုးနှံးပေးလျက်ရှိသည်။
Subscribe to