ကော့သောင်းမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များဖြင့် စနစ်တကျမဲပေးတတ်စေရေး  လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အောင်သုခရပ်ကွက်နှင့် ပိတောက်ရွှေဝါရပ်ကွက်တွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ရွှေဇင်ယော်ရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပမာဏ ကျပ်သိန်းနှစ်ရာနှင့်အထက် ထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပမာဏ ကျပ် သိန်းနှစ်ရာနှင့်အထက် ထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတနိုင်ငံ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

(၂၆)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်ပွဲရ ရန်ကုန် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး ဒေါ်ခင်မျိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဂီတ၊ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်မျိုးဆက်သစ်အနုပညာရှင်လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်အတွင်း  မူလတန်းကြို‌ကျောင်းများ ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဇမ္ဗူသီရိမြို့နယ်၊ NEGမူလတန်းကြိုကျောင်း၊ Mother မူလတန်းကြိုကျောင်းနှင့် Everest မူလတန်းကျောင်းများသို့သွားရောက်ပြီး ဒုတိယအကြိမ်သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး သည်။

စဉ့်ကိုင်မြို့နယ် အ.လ.က (နန်းနီ)၌ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် နန်းနီကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ပညာသင်ယူကြမည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်စေရန် The Center For Spiritual Progress To Great Awakening (SPGA) Hong Kong ၏ ဦးဆောင်မှုဖြင့် ဟောင်ကောင်ပြည်သူ၊ ပြည်သားများမှ  ဆောက်လုပ်လှူဒါန်းသော အလျား ပေ ၆၀၊ အနံ ပေ ၃၀ရှိ ‌"ဟောင်ကောင်မေတ္တာ" ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ နေရပ်စွန့်ခွာပြည်သူများမှ ကြိုတင်ဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ ငုဝါလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ နေရပ်စွန့်ခွာပြည်သူများမှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြာင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-12  အောင်ချက်မြင့်မားရေး ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် Grade-12၊ ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ဥတ္တရသီရိမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်‌ပေးလျက်ရှိ‌ရာ ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာ၊ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း ယာဉ်မောင်းသူ၏ပေါ့ဆမှုနှင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းမလိုက်နာမှုတို့ကြောင့် ယာဉ်မတော်တဆမှုများအဓိကဖြစ်ပွား

ကရင်ပြည်နယ်အတွင်း ယာဉ်တိုက်မှုများနှင့်သေဆုံးထိခိုက်မှုများတွင် လူကြောင့်ဖြစ်သည့် ယာဉ်မောင်းသူ၏ပေါ့ ဆမှုနှင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းမလိုက်နာမှုတို့သည် အဓိကအကြောင်းအရင်းဖြစ်ကြောင်း နိုဝင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏(၆/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
Subscribe to