ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) တွင် ပထမနှစ် စတင်တက်ရောက်သည့် ကျောင်းသားကျောင်းသူများအား နွေးထွေးစွာကြိုဆိုနှုတ်ဆက်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) တွင်၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသားကျောင်းသူများအား နိုဝင်ဘာ ၂၄ ရက်မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး) ၏ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာလင်းထက်မြင့်နှင့် မော်ကွန်းထိန်းတို့က မောင်မယ်သစ်လွင်များအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ခွန်းဆက်အားပေးစကားများ ပြောကြားခဲ့သည်။

တနင်္သာရီမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သာယာဝတီမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာထားရှိမှု ပြည်သူများလာရောက်ကြည့်ရှုမှု ပိုမိုများပြားလာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့နှင့်‌ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်၊ ကြေညာမှုကို နိုဝင်ဘာ ၂၁ ရက်မှစတင်ကာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရာ ပြည်သူများ လာရောက်ကြည့်ရှုမှုပထမအကြိမ်ထက် ပိုမိုများပြားလာကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ဝင်းသီရိလှိုင်နှင့်တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီက “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး” အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲပေးပိုင်ခွင့်ရှိသူများအား ကြိုတင်ဆန္ဒမဲကောက်ယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၅  ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသည့် လဟယ်မြို့နယ်မှ မဲဆန္ဒရှင်အချုပ်သား(၂)ဦးအား ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က ခန္တီးမြို့မရဲစခန်းရှိ အချုပ်ခန်းတွင်ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၂၀၀၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ ၂၀၀၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီ လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမှု အောင်မြင်ခြင်း အထိမ်းအမှတ် (ရွှေပြည့်အောင်ပွဲ) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူဒါန်းမှုအောင်မြင်ခြင်း အထိမ်းအမှတ် မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်၊ မွန်းလွဲ ၃ နာရီ အချိန်က လောကနန္ဒာစာသင်တိုက်၊ အင်းကြင်းကျောင်းတော်ကြီး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များဖြင့် စနစ်တကျမဲပေးတတ်စေရေး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ချမ်းဖန်းကျေးရွာအုပ်စု၊ မပုတေးကျေးရွာနှင့် ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာတို့တွင် ပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ယမန်နေ့ မွန်းလွဲ  ၂ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to