ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး ဆွေးနွေးပွဲကျင်းပ
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံဆရာ/မ များအတွက်သာတူညီမျှကို အခြေခံသောဆရာအတတ်ပညာ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း (သော်က ) သောကရတနာခန်းမ၌ ကျင်းပခဲ့သည်။