ကွန်ဟိန်း နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီး ဌာနမှ မြို့နယ်ဦးဌာနမှူး ဦးရာဇာထွန်းက တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုမြူငွေ့ဆိုးကျိုးများ၊ ကာကွယ် နိုင်သည့်နည်းလမ်းများ သစ်တောထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဟိန်းက ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲပြုစုခြင်း နည်းစနစ်များအကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကျော်က မီးဘေးအန္တရာယ် အကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုနောက် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပြီး မီးသတ်ဆေးဗူး အသုံးပြုနည်း၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက ဆောင်ရွက်ရန်နည်းလမ်းများ လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)