မူဆယ်မြို့တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူ

မူဆယ် မတ် ၂၇

၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မူဆယ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့မှ အရာထမ်းများ၊ အမှုထမ်းများ၊ သန္ဓေတပ်ဖွဲ့ဝင်များ စုစုပေါင်း (၂၂)ဦးက စုပေါင်း၍ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းကြခြင်း ဖြစ်သည်။

အဆိုပါသွေးလှူဒါန်းပွဲသို့ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိသားစု စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက သွေးလှူဒါန်းသူများကို ကြည့်ရှုအားပေးပြီး၊ အားဖြည့်အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)