လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်သူများအဖွဲ့(Book Club)ဖြင့် စာဖတ်ဝိုင်းပြုလုပ်

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်သူများအဖွဲ့(Book Club)ဖြင့် စာဖတ်ဝိုင်းပြုလုပ် လှိုင် နိုဝင်ဘာ ၂၇ ဇော်ဇော်နိုင်(ပြန်/ဆက်)

လားရှိုးမြို့ အ.ထ.က (၂) ကျောင်း၌ ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးသု‌တေသနဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံများသိရှိစေရန်၊ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ရောဂါတွေ့ရှိပါက အထူးကုဆရာဝန်များနှင့် ဆက်လက်ပြသပေးနိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး လားရှိုးမြို့တွင် ဖွင့်လှစ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တွဲပြည်နယ်၊ ခရိုင်၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ လားရှိုးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများ တက်‌ရောက်ခဲ့သည်။

ကျောက်တန်းမြို့နယ်၌ အခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၆/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၆/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ်၊ ကမာကလုတ်ကျေးရွာ၊   ကပ္ပပဿဒ္ဓိစောမုနိဓမ္မာရုံ၌ နို၀င်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်မြို့နယ်တွင် အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ ကျောက်ဆည် နိုဝင်ဘာ ၂၇ အောင်ပိုင်ပိုင်ကျော်

ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ အာဟာရနှင့် ကျန်းမာရေး၊ ဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ကွန်ဟိန်းမြို့၌ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲအား ယနေ့ နံနက် ၁၁ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးနေ့ အသိပညာပေး Talk Show ကျင်းပ

ရန်ကင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးနေ့ အသိပညာပေး Talk Show ကျင်းပ ရန်ကင်း နိုဝင်ဘာ ၂၇ မေဇင်ကိုကို (ပြန်/ဆက်)

ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲ၊စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ်များအား အသိပညာမြှင့်မားလာစေရေး၊ ဗလငါးတန်တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ချက်ဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to