ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ အာဟာရနှင့် ကျန်းမာရေး၊ ဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ကွန်ဟိန်းမြို့၌ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲအား ယနေ့ နံနက် ၁၁ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိဒေါ်လှိုင်ဇင်ဝင်းက မိသားစုလက်စွဲပါစာအုပ်မှ မေမေတို့အတွက် စိတိပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ မီးဖွားရန်ပြင်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သွားနှင့် ခံတွင်းသန့်ရှင်းရေး၊ မိသားစု ထမင်းဝိုင်းတွင် အာဟာရပါဝင်နှုန်း မြှင့်တင်ခြင်းစသည့် အာဟာရနှင့် ကျန်းမာရေး၊ ဆိုင်ရာ အမူအကျင့်ပြောင်းလဲရေးအသိပညာပေး ဟောပြောခဲ့သည်။

ထိုနောက် အာဟာရ သီးစုံပဲကုလားဟင်း ချက်ပြုတ်ပြသခဲ့ပြီး ကြက်ဥပြုတ်များ မျှဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ အကျိုးခံစားခွင့်ရှိသူများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)