မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ဆောင်းသီနှံနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်၍ ကွင်း/ကွက်အမှတ်(၁၁၆၈/ခ)၊ ဦးပိုင်အမှတ်(၁၄/၇)၌ ဆင်းရွှေကြာ (၂) နေကြာ မျိုးစေ့စိုက်ပျိုးပွဲကို တောင်သူ ဦးမြင့်ဇော် လယ်မြေ၌ ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

ပခုက္ကူမြို့နယ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သည်။

ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး ဆွေးနွေးပွဲကျင်းပ

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံဆရာ/မ များအတွက်သာတူညီမျှကို အခြေခံသောဆရာအတတ်ပညာ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြင့်မားရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း (သော်က ) သောကရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း(၃)”စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အလယ်မန်ကျေးရွာအုပ်စု အလယ်မန်ကျေးရွာ အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့နယ်တွင် အခြေခံပညာအထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်များ အရည်အသွေးမြှင့်သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာဆရာများအတွက် သာတူညီမျှမှုကို အခြေခံသော ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်မြို့၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ကျင်းပပြုလုပ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဂန့်ဂေါမြို့၌ ၂၀၂၅ခုနှစ်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ခုနှစ်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးဖလား အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်‌ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင် များ/မိသားစုဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ကွင်းဆင်းစိစစ်ဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံမှုမရှိစေရေးမဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ရာ မဲစာရင်းကျန်ရှိမှုများ မဖြစ်ပေါ်စေရေးအတွက် တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးပါဝင်သည့် အဖွဲ့(၃၆)ဖွဲ့ ဖွဲ့စည်း၍ နိုဝင်ဘာ ၂၉ ရက်နေ့မှစတင်၍ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းကြေညာပြီး မဲစာရင်းတွင်ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျန်ရှိမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းကြေညာပြီး မဲစာရင်းတွင်ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများကျန်ရှိမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Subscribe to