ကံမမြို့နယ်တွင် အခြေခံပညာအထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်များ အရည်အသွေးမြှင့်သင်တန်းဖွင့်လှစ်

ကံမ နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာဆရာများအတွက် သာတူညီမျှမှုကို အခြေခံသော ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးတင်မြင့်က ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို နည်းပြဆရာ ဆရာမ (၁၀) ဦးတို့က အခြေခံပညာ အထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်းအုပ် (၁၂၈) ဦးတို့အား သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း (ကံမ)