ပခုက္ကူမြို့နယ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်

ပခုက္ကူ နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ ဆရာ၊ ဆရာမများအတွက် သာတူညီမျှမှုကို အခြေခံသော ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့်ဆင့်ပွားသင်တန်းဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်မှ ၃၀ ရက်အထိ သင်တန်းနည်းပြ ၁၀ ဦးမှ သင်တန်းသား၊ သင်တန်းသူ ၁၃၄ ဦးတို့အား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

ဘာမီသာ