မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး door to door ကွင်းဆင်းကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် မြင်းကပါကျေးရွာသို့ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီက ပြည်သူများ၏ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး door to door စနစ်ဖြင့် ကွင်းဆင်းစစ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။