ဗန်းမော် ဇူလိုင် ၁
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအား ဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီး များအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ရေးဆိုင်ရာများကို မေးမြန်း ဆွေးနွေးခဲ့ကာ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက အမျိုးသမီးများ အပေါ် အကြမ်းဖက်ခြင်း၏ အဓိပ္ပာယ်နှင့် အမျိုးအစား(၅)မျိုးကို လည်းကောင်း၊ အမျိုးသမီး အကြမ်းဖက် မှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများ၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက် စေရန်အတွက် လုပ်ဆောင်သည့် အကြောင်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)