နမ္မတူတွင် “ပန်ဟိုက်”ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပပြုလုပ်

နမ္မတူ ဇူလိုင် ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “ပန်ဟိုက်” ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရှေ့ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆမ်မန်းက အမှာစကားပြောကြားခဲ့ပြီး “ပန်ဟိုက်” ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(မီနီဘတ်ဂျက်)အတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ အရှုံးအမြတ်စာရင်း၊ လက်ကျန် ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များကို အမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးမှလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘတ်ဂျက်)အတွက် အသင်းစာရင်းစစ်အဖွဲ့ အစီရင်ခံစာကို အသင်းစာရင်းစစ် အဖွဲ့ဝင်တစ်ဦးမှလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ရာ သဘာပတိကြီးမှ အတည်ပြုလက်ခံခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးဆမ်မန်းက အမှုဆောင်ဒါရိုက်တာအဖွဲ့ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ကော်မတီ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့၏အမည်စာရင်းများကို ဖတ်ကြားပေးကာ အတည်ပြုချက်ရယူခဲ့သည်။

သို့ဖြစ်ပါ၍ ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များမှ ကတိသစ္စာခံယူပြီး ရွေးချယ်ထားသော အသင်းဥက္ကဋ္ဌအသစ်မှ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)